Thursday, May 22, 2014

The Poem that my student composed for me

I want to share the poem that I have received from my student as a gift for my teaching.
And I am very proud of him.



ကိုယ်ရေးရာဇ၀င်


ကိုယ်လျှောက်ခဲ့တဲ့လမ်းမှာ
ကိုယ့်ရဲ့ခြေလှမ်းတွေ
ကိုယ်ရောက်ခဲ့တဲ့နေရာမှာ
ကိုယ့်ရဲ့ရပ်တည်မှုတွေ
ကိုယ်တည်ဆောက်ခဲ့တဲ့ အာဟာရတွေဟာ
ကိုယ့်ရဲ့သွေးသားတွေပါပဲ
ကိုယ်ထုတ်လုပ်ခဲ့တဲ့ အရည်အချင်းတွေဟာ
ကိုယ်ရဲ့ဇစ်မြစ်တွေ
ကိုယ်ရှုရှိုက်ခဲ့တဲ့ လေထုထဲမှာ
ကိုယ့်ရဲ့အသက်ဝင်သက် ထွက်သက်တွေ
ကိုယ်ပြောခဲ့တဲ့ စကားတွေမှာ
ကိုယ့်ရဲ့ အယူအဆ အစွဲအလန်းတွေ
ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေမှာ
ကိုယ်ရဲ့နဖူးတွေ့ ဒူးတွေ့ စွမ်းဆောင်ရည်တွေ
ညျှိနှိုင်းမှုတွေ ဇွဲနပဲနဲ့ စစ်ထုတ်ခဲ့ပေ
ကိုယ်ရဲ့ခွန်အားမှာ ကိုယ်ရဲ့လားရာ
သွင်သွင်စီးထား
ကိုယ့်နားလည်မှုဟာ ကိုယ်ရဲ့စေစားရာ
ကိုယ့် အထိအတွေ့ဟာ ကိုယ့်ရဲ့အာရုံ ထွက်ရပ်ပေါက်
ကိုယ့်ရပ်တည်မှုဟာ ကိုယ့်ရဲ့ရှေ့လယ်နောက်
အကြောင်းသုံးပါး ညီညွတ်ခဲ့
ကိုယ်လေ့လာဆည်းပူးတဲ့အခါ ကိုယ်တိုင်ထွန်ယက်စိုက်ပျိုးခဲ့ပေါ့
ကိုယ်ရိတ်သိမ်း ကိုယ်ခြွေလှေ့
ကိုယ့်ရဲ့ ရာသီဥတု စုံစီနဖာ ကြုံပေတိုင်းသာ
ကိုယ့်ဘ၀မှာ ကိုယ်ခြေပစ်လက်ပစ် ကူးခတ်ခဲ့ရတာ
ဘ၀အချိုးအကွေ့တွေ ပြုစုပျိုးထောင်ယင်း
ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ရည်သွေးတဲ့အခါ
ကိုယ်ရေးရာဇ၀င် ဖြစ်လာခဲ့တာပေါ့

ထူးမြတ်            
Bishop
28th January 2014 (Tuesday 3:45pm to 4:20pm)

No comments:

Post a Comment